ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်းမသိကြတော့တဲ့ အခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက
“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။
အဲ့ဒီဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁) ကုလဗုဒ္ဓဘာသာ
(၂) လာဘဗုဒ္ဓဘာသာ
(၃) ဘယဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ
(၅) ပညာဓိကဗုဒ္ဓဘာသာ
“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။
အဲ့ဒီဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁) ကုလဗုဒ္ဓဘာသာ
(၂) လာဘဗုဒ္ဓဘာသာ
(၃) ဘယဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ
(၅) ပညာဓိကဗုဒ္ဓဘာသာ
(၁)ကုလဗုဒ္ဓဘာသာ
ကုလဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ ဘုရားဘာတရားဟောမှန်းလည်းမသိ။ ကိုးကွယ်နေတဲ့မြတ်စွာဘုရား ဘာကြောင့်ကိုး ကွယ်ရမှန်းလည်းမသိ။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာဘာ ရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ်နေတာပဲ အသိပညာဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။
(၂)လာဘဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘဝ
စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင် တော့လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီးရွေးကိုး ကွယ်တာလာဘဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိကစီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါ ဘူး။ ကံ၊ညဏ်၊ ဝိရိယသတ္တိကြောင့်ပါ။ အိမ်ခြံဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင် တောင်မှရက်ရာဇာပြဿဒါးရွေးနေတာတွေ။ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓ ဘာသာလို့ခေါ်ပါတယ်။
(၃)ဘယဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်း ဖို့၊အသက်ရှည်ဖို့၊ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရားကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဒီဘုရားကိုးကွယ်မှအသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ် တွေအသက်ရာကျော်ရှည်နေကြတာ ဘာလို့ပါလဲ။ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊ လာဘ၊ ဘယဗုဒ္ဓဘာသာ(၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါ သည်။ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်လုပ်နေတာတွေ ကို ဘုရားက သူတောင်းစားဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်းကိုးကွယ်ရသေး၊တရားလည်း ကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်းလောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်း ပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက် နေတာလည်းဘာအတွက် ကျောင်းဆောက်နေတာလည်း။ စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ ဘုရား၊တရား၊သံဃာကိုတကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါနဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါ တယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက်အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့အရိယာသူ တော်စင်ကြီးတွေဟာနိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို
ကြိုစားအားထုတ်လိုက်လို့တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင်နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ ဘုရားရှင်ဟောတော်မူသောဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေကဆောင်ထားတာပါ။ပိဋကသုံးပုံကို သံဃာတော်တွေက ***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေကရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့သမ္မာသဒ္ဒါ ယုံကြည်မှု။မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီးကိုးကွယ်ယုံ ကြည်နေတာမိစ္ဆာသဒ္ဒါ။လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်း အောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာတရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့
သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကိုဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့သဒ္ဒါဓိကဗုဒ္ဓဘာသာပါ။
(၅)ပညာဓိကဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
တရားတော်ကို ယုံကြည်တယ်။တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ရမ်းယုံကြည်တာ မဟုတ်ဘဲ ခန္တာအသိနဲ့အသေအချာသိပြီး ယုံတယ်။ထိုသိုသိတာကို ပညာဟုခေါ်ပါသည်။ သစ္စာလေး ပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားကမင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ ဒါကိုကိုယ်တိုင်သစ္စာတရား ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ယုံကြည်လာတယ်။ ယုံကြည်တော့သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ
လွတ်မြောက်နိုင်၏။တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေလုပ်ထာတာရှိတယ်။ဒါတွေကို
ဘယ်သူမှ ဝင်တားလို့ မရပါဘူး။သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဉာဏ်နဲ့ဖြတ်ရမယ်။ဉာဏ်နဲ့ ဖြတ်လိုက်လို့ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာသဒ္ဒါလည်းပါ တယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင်(နှစ်လုံးလှ လူမိုက်ကြီး)သူတော်ကောင်း လူအကြီးဖြစ်သွားပါ တယ်၊ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့ နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲပညာရှိလူ မိုက်ကြီးဖြစ်နိုင်ပါတယ်။ ဆိုလိုတာကဘယ်အရာမဆိုအစွန်းမရောက်စေဘို့ပါဘဲ။
မှတ်ချက်။ http://www.sbay-student.org/မှပြန်လည်ဝေမျှလှူဒါန်း ကူးယူဖော်ပြပါသည်။ ကိုမြမောင်
You might also like:
· ဆရာတော်ဦးဃောသိတ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ သာသနဓဇ သီရိပဝရ ဓမ္မာစရိယ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် ပဓာန
· ပိုင်းလော့ ဆရာတော် အရှင်ဇေယျပဏ္ဍိတဟောကြားတော်မူသောတရားတော်များ
· မိုးကုတ်ဝိပဿနာ ဇနိတရာမကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္ဘဇနိတာလင်္ကာရ ဟောကြားတေ
သံသရာ၀ဋ္ဋ်ဆင်းရဲ အပေါင်းမှ ထွက်မြောက်ရန် ဟောကြားအပ်သော မြတ်ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်ကို “သာသနာ” ဟု ခေါ်ပါသည်။ ထိုသာသနာ၏ အနှစ်သာရကား- သီလ၊ သမာဓိ၊ ပညာများပင် ဖြစ်၏။
သီလ
ပင်ကိုသဘော အလေ့အထ၊ မြင့်မြတ်ကောင်းမွန်သော အကျင့်စသည်တို့သည် သီလသဒ္ဒါ၏ အနက်အဓိပ္ပာယ်များ ဖြစ်၏၊ ကိုယ်ဖြင့်ပြုမှု(ကာယကံ)၊ နှုတ်ဖြင့်ပြုမှု (ဝစီကံ) တို့ကို ဖရိုဖရဲ မဖြစ်စေဘဲ ကောင်းစွာထားခြင်း၊ ကောင်းစွာဆောင်ခြင်းကို သီလဆောက်တည်သည်ဟု ခေါ်ဝေါ်ကြပါသည်။
သမာဓိ
သမာဓိဟူသည် တစ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊ တည်ကြည်ခြင်းဖြစ်၏။ စိတ်ကို အာရုံအမျိုးမျိုးသို့ မပျံ့လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ ကောင်းစွာထားနိုင်ခြင်း (သမာဓာန) သည် သမာဓိ၏ သဘော အဓိပ္ပာယ်ပင် ဖြစ်သည်။
ပညာ
အများအပြား ကျယ်ကျယ်ပြန့်ပြန့် သိခြင်းသည် ပညာ၏ အဓိပ္ပာယ် ဖြစ်သည်။ ကောင်းကောင်းဆိုးဆိုး မည်သည့်အရာကိုမဆို အမှန်အတိုင်းသိရှိခြင်းသည် ပညာ၏ အဓိပ္ပာယ်ပင် ဖြစ်သည်။
သာသနာ၏ အနှစ်ဟု ဆိုရခြင်းမှာ သီလ၊ သမာဓိ၊ ပညာ တရားသုံးပါးသည် တစ်ပါးစီ၏ စွမ်းရည်ဖြင့် လည်းကောင်း၊ သုံးပါးလုံး ဆက်နွယ်ပေါင်းစပ်သော စွမ်းရည်ဖြင့် လည်းကောင်း မြတ်ဗုဒ္ဓ၏ သာသနာဆိုင်ရာ ကျင့်စဉ်များကို ကျေးဇူးကြီးမားစွာ ပြုသောကြောင့် ဖြစ်သည်။
သီလ၊ သမာဓိ၊ ပညာတို့၏ ဆက်နွယ်သော စွမ်းရည်ကို မြတ်ဗုဒ္ဓသည် အောက်ပါအတိုင်း ဟောကြားတော်မူခဲ့၏။
မြတ်ဗုဒ္ဓသည် နာဠန္ဒမြို့ ပါဝါရိက (သေဌေး) ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် ဤတရားစကားကို ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော် မူခဲ့သည်-
သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုးအာနိသင် ရှိ၏၊ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုးအာနိသင် ရှိ၏၊ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမသဝ၊ ဘဝါသဝ၊ ဒိဌာသဝ၊ အဝိဇ္ဖာသ၀ ဟူသော အာသဝေါတရားတို့မှ ကောင်းစွာ လွတ်မြောက်၏။
(သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်)
မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သည့်အတိုင်း အာသဝတို့မှ လွတ်မြောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန်မှာ သီလ၊ သမာဓိ၊ ပညာတို့၏ စုပေါင်းစွမ်းအင်ကို အားကိုးကြရမည်ဖြစ်သည်။ ထိုတွင် သီလမရှိက ကောင်းသော သမာဓိ (သမ္မာသမာဓိ) ဖြစ်နိုင်မည်မဟုတ်၊ ကောင်းသော သမာဓိ မဖြစ်ပေါ်က ပညာလည်း ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် မြတ်ဗုဒ္ဓက-
သီလပျက်စီးသော (ဒုဿလ) ပုဂ္ဂိုလ်အား ကောင်းသော တည်ကြည်မှု (သမ္မာသမာဓိ) ပျက်စီးရန် အကြောင်းရှိ၏၊ ကောင်းသော တည်ကြည်မှု (သမ္မာသမာဓိ) ပျက်စီးလျှင် ဟုတ်တိုင်းမှန်စွာ သိသောဉာဏ် (ပညာ) ပျက်စီး၏- ဟု ဟောတော်မူခြင်း ဖြစ်သည်။
(အင်္ဂုတ္ထိုရ်၊ စတုတ္ထပဏ္ဏာသက၊ အာဃာတဝဂ်၊ သီလသုတ်)
သို့ဖြစ်၍ အမျိုးကောင်း၊ အမျိုးကောင်း သမီးတို့သည် သီလကို လုံခြုံစေ၍ ဝိပဿနာကို ရှုပွားခြင်းဖြင့် သမာဓိကို ဖြစ်စေပြီး ဆင့်ပွား ဖြစ်ပေါ်လာသော ဉာဏ်ပညာဖြင့် ရုပ်ဓမ္မ နာမ်ဓမ္မတို့၏ ဟုတ်တိုင်းမှန်ရာကို သိမြင်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြရမည် ဖြစ်ပေသည်။ သို့မှသာ သာသန၏ အနှစ်ဖြစ်သော သီလ၊ သမာဓိ၊ ပညာကို နည်းမှန် လမ်းမှန် ကျင့်ကြံ သုံးစွဲရာ ရောက်ပေမည်။
သီလ၊ သမာဓိ၊ ပညာ ပိုစ်လေးကို သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်း တစ်ယောက်စာအုပ်မှ ပြန်လည် ကောက်နုက် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။
တောသားလေး blogspot.com မှကူးယူဖော်ပြပါသည်။ (ကိုမြမောင်)
You might also like:
· မိုးကုတ်မြို့ ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ ကမ္မဋ္ဌာနာစရိယ ဟောကြားတော်မူသောတရားတော်များ

No comments:
Post a Comment